Lotus Foundation

  • Increase font size
  • Default font size
  • Decrease font size

ပိဋကတ်သုံးပုံအလှူတော် နှိုးဆော်လွှာ

(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)

အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏ ။
(မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ဆဋ္ဌမပိုင်း၂၊ နိမိရာစ စရိယခန်း အပိုဒ် ၅၀၇ ၊ စာမျက်နှာ ၄၀၆ နှင့် ဓမ္မပဒတွင် ပါရှိသည့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ အလုံးစုံသော ဒါနတို့ တွင် ဓမ္မဒါနသာလျှင် အမြတ်ဆုံးဆိုသည့်အတိုင်း ) စကြာဝဠာတစ်တိုက်လုံး ဗြဟ္မာပြည်အထိ အပြည့်အကျပ်ရှိနေသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တို့ကို တစ်ပါးလျှင် သင်္ကန်းတစ်စုံကျစီ လှူဒါန်းခြင်းသည် လေးပါဒရှိသော မြတ်စွာဘုရား ဟောကြားတော်မူသည့် ဂါထာတစ်ပုဒ်ကို သင်ကြားပြသ ဖြန့်ဖြူးရသည့် ဓမ္မဒါနကုသိုလ်၏ ၂၅၆စိတ်စိတ်လျှင် တစ်စိတ်ကိုမျှ မမှီနိုင်ပါ။ ထို့ကြောင့် ဓမ္မဒါနပြုသူများသည် အမြတ်ဆုံးဒါနရှင်ကြီးများပင် ဖြစ်ပါပေသည်။

အို ..... သူတော်ကောင်းတို့ ......... အလှူမှန်သမျှတွင် တရားအလှူသည် အမြတ်ဆုံးဟု ဗုဒ္ဓမြတ်စွာမိန့်တော်မူခဲ့ပါသည်။ တရားအလှူများအနက်မှ ဗုဒ္ဓသာသနာတော်ကြီး အဓွန့် ရှည်ကြာတည်တံ့ပန့်ပွားစေရေးအတွက် ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ရန် တပင်တပန်း ကြိုးစားအားထုတ်လျက်ရှိကြသော သံဃာတော်များအတွက် အမှန်တကယ် လိုအပ်နေသော ပိဋကတ်သုံးပုံ ကျမ်းစာအုပ်များနှင့် အခြားလိုအပ်လျက်ရှိသော ဓမ္မကျမ်းစာအုပ်များကို ပေးလှူခြင်း၏အကျိုးကား ဆိုဖွယ်ရာမရှိ ကြီးမားလှပါပေသည်။ ဓမ္မ ပိဋကတ်တော် အလှူကို လှူဒါန်းခြင်းအားဖြင့် နိဗ္ဗာန်မရမီ သံသရာ၌ ကျင်လည်ကြရလျှင်လည်း ပညာအရာ ဧတဒဂ်တော်ရ တရားစစ်သူကြီး ရှင်သာရိပုတ္တရာကဲ့သို့ ဖြစ်လေရာဘ၀တိုင်းတွင် ပညာပါရမီ ဆက်တိုင်းမီ၍ လောကီပညာ၊ လောကုတ္တရာပညာအရာ၌ တစ်ကြောင်း တစ်ဂါထာ ကြားနာရရုံဖြင့် မဂ်ရောက် ဖိုလ်ဝင် ပညာ ပါရမီရှင် ပုဂ္ဂိုလ်ကြီးများ ဖြစ်နိုင်ကြကြောင်းကို ဘုရားဟော ဇာတ်နိပါတ်တော်များတွင် အထင်အရှား တွေ့ မြင်နိုင်ကြပါသည်။ သို့ ဖြစ်ပါ၍ ဗုဒ္ဓ ဓမ္မ သံဃ လောက အသင်းကြီး (The Lotus Foundation) မှ ဦးဆောင်၍ မြန်မာနိုင်ငံ မင်းကွန်းတိပိဋက နိကာယတွင် ဂန္ထဓူရ ပရိယတ္တိ ပိဋကတ်သုံးပုံ စာမေးပွဲ ဖြေဆိုရန် ပညာဆည်းပူး လုံ့လထူးဖြင့် ကြိုးပမ်းတော်မူနေကြသည့် သံဃာတော် အရှင်သူမြတ်များအတွက် လိုအပ်လျက်ရှိသည့် ပိဋကတ် ဓမ္မကျမ်းစာအုပ်များကို ၂၀၁၀ ခုနှစ် ဇန္န၀ါရီလတွင် ဖြည့်ဆည်းပံ့ပိုး လှူဒါန်းသွားမည်ဖြစ်ပါ၍ သဒ္ဓါကြည်လင် ပါရမီရှင်များအနေဖြင့် ကြုံတောင့်ကြုံခဲ ဓမ္မအလှူ၊ ပညာအလှူ၊ သံဃာ့အလှူတော်ကြီးအား ပါဝင်ပူဇော် လှူဒါန်းနိုင်ကြပါသည်။

ပိဋကတ် ဓမ္မကျမ်းစာအုပ်များ လှူဒါန်းရာတွင် မြင်းမူတိပိဋက ဆရာတော်ကြီးကိုယ်တိုင် ကြီးမှူး၍ စာသင်သားသံဃာ အသီးသီးအလိုက် အမှန်တကယ် လိုအပ်နေသည့် ကျမ်းစာအုပ်များကို စိစစ်ပြီး ထိရောက်အကျိုးရှိစွာ လှူဒါန်းသွားမည်ဖြစ်ပါသည်။ စေတနာရှင်၊ အလှူရှင်များအနေဖြင့် ပိဋကတ်သုံးပုံ(ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ) အစရှိသော ဓမ္မကျမ်းစာအုပ်များကို နည်းသည်၊ များသည် ပဓာနမထားဘဲ မိမိတို့ တတ်အားသရွေ့ ပါဝင်ဆပ်ကပ် လှူဒါန်းနိုင်သကဲ့သို့ အောက်ဖော်ပြပါ တန်ဖိုးနှုန်းထားများအတိုင်း တစ်ဦးတစ်ယောက်ချင်း အနေဖြင့်လည်းကောင်း၊ အသင်းအဖွဲ့လိုက် အနေဖြင့်လည်းကောင်း အောက်ပါပုဂ္ဂိုလ်များထံသို့ ဆက်သွယ်ပေးပို့ လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍  နှိုးဆော်အပ်ပါသည်။

  • ပိဋကတ်သုံးပုံ (ပါဠိ) / စာရွက်ချောဖြင့် - တစ်စုံ ငွေကျပ် ၂ သိန်း
  • ပိဋကတ်သုံးပုံ (ပါဠိ) / ပုံမှန်စာရွက်သားဖြင့် - တစ်စုံ ငွေကျပ် ၁ သိန်း ၇ သောင်း
  • ပိဋကတ်သုံးပုံ (အဋ္ဌကထာ) - တစ်စုံ ငွေကျပ် ၂ သိန်း
  • ပိဋကတ်သုံးပုံ (ဋီကာ) - တစ်စုံ ငွေကျပ် ၁ သိန်း ၁ သောင်း
  • ပိဋကတ်သုံးပုံအစုံ (ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ) - တစ်စုံ ငွေကျပ် ၅ သိန်း ၁ သောင်း


(၁) MYANMAR

- ဆရာတော်ဦးဥဂ္ဂပဏ္ဍိတ    ဖုန်း (၀၁) ၅၅၇၅၇၈
- ကိုကောင်းထက်ဇော်  ဖုန်း    (၀၁) ၅၅၇၉၉၀ / ၇၂၃၀၄၀
- မဖြူစင်သော်  ဖုန်း (၉၅) ၉၈၆၅ ၀၃၀၆

(၂) SINGAPORE

- ကိုနေမင်းသူ - ဖုန်း (၆၅) ၉၁၇၉ ၅၂၄၅
- ကိုကျော်ဝဏ္ဏ - ဖုန်း (၆၅) ၈၂၃၆ ၉၁၅၉
- ကိုဝင်းဇော်ဦး - ဖုန်း (၆၅) ၉၃၃၈ ၇၈၂၇
- ကိုဝင်းထွန်းဆင့်  - ဖုန်း (၆၅) ၉၀၂၂ ၃၆၄၃
- ကိုထင်ကျော် - ဖုန်း (၆၅) ၉၄၂၄ ၂၉၆၁
- မခင်မမ - ဖုန်း (၆၅) ၉၇၃၃ ၄၃၀၂

(၃) MALAYSIA

- ကိုမောင်မောင်စိုး - ဖုန်း (၆၀) ၁၆၉၅ ၉ ၀၁၇၃

(၄) NEW ZEALAND

- ကိုဇော်ထွန်းအောင် - ဖုန်း (၆၁) ၂၈၂၁၁ ၂၂၂၂

(၅) AUSTRALIA

- ကိုမျိုးဟန် - ဖုန်း (၆၁) ၄၁၂ ၂၃၉ ၉၃၈

(၆) JAPAN

- ကိုဝင်းထွန်းလင်း  ဖုန်း(၈၁) ၀၉၀၄ ၆၆၂၅ ၉၉၂

(၇) THAILAND

- မမေဇင်ထွန်း  ဖုန်း (၆၆) ၈၉၆၃ ၈၃၁၂၈

(၈) UNITED KINGDOM

- ကိုကျော်သူလင်း ဖုန်း (၄၄) ၇၇၈၉၇ ၁၁၁၆၄

(၉) UNITED STATES OF AMERICA

- ကိုကျော်ဆန်းဦး  ဖုန်း ၆၂၆၂၇၇၁၄၈၉ / ၅၆၂၉၁၂၇၇ ၅၇

(၁၀) RUSSIA

- ကိုဖြိုးဝေ  ဖုန်း (၇၉) ၂၆၉၈ ၆ ၃၅၈၀

၂၀၁၀ ခုနှစ် ဇန္န၀ါရီလတွင် ရန်ကုန်မြို့ စကားဝါလမ်းရှိ မင်းကွန်း တိပိဋက အဘိဓဇကျောင်းတိုက်သို့ ပိဋကတ်တော်ဖြေဆိုရန် အနယ်နယ် အရပ်ရပ်မှ စာဖြေဆရာတော် သံဃာတော်များ ကြွရောက်လာမည် ဖြစ်ပါသောကြောင့် အလှူရှင်၊ စေတနာရှင်များအနေဖြင့် အမှန်တကယ် လိုအပ်နေသည့် ပိဋကတ်သုံးပုံ (ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ) အစရှိသော ဓမ္မကျမ်းစာအုပ်များကို ဆရာတော် သံဃာတော်တို့အား ကိုယ်တိုင်ကိုယ်ကျ ဆပ်ကပ်လှူဒါန်းနိုင်မည့် ကြုံတောင့်ကြုံခဲ အခွင့်အခါကောင်းလေးကို ကြိုတင်သိရှိနိုင်ရန် “ဗုဒ္ဓ ဓမ္မ သံဃ လောက အသင်းကြီး” (Lotus Foundation) မှ ထပ်လောင်း၍ အသိပေးနှိုးဆော်လိုက်ရပါသည်။