
စီမံကိန်းလုပ်ငန်းစဉ်များ
အသင်းကြီးမှအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းစဉ်ကြီးများ
(၁) ဘာသာရေးနှင့်ပတ်သက်၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ် ကြီး နှင့် စတုမုခစေတီတော်မြတ်ကြီးများသို့ န၀ကမ္မ ထာဝရဘက်စုံအလှူတော်ငွေများ ထည့်ဝင်လှူဒါန်း ခြင်း
(၂) ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ကဆုန်လပြည့်အခါသမယတွင် အသင်းကြီး ပန္နက်ချ အခမ်းအနား အထိမ်းအမှတ်အဖြစ် သံဃာတော်များအား သင်္ကန်းတော်များဆက်ကပ်လှူဒါန်းခြင်း
(၃) ခွေးရူးနှင့်မြွေကိုက်၍ အသက်ဆုံးရုံးမှုများသော ကျေးလက်တိုက်နယ်ဒေသများတွင် ခွေရူး ပျောက်ဆေး နှင့်မြွေဆိပ်ဖြေဆေးများလှူဒါန်းခြင်း
(၄) တိုက်နယ်ဆေးရုံများတွင် ဆေးပဒေသာပင်များစိုက်ထူလှူဒါန်းပေးခြင်း
(၅) အောက်ဆီဂျင်မရှိ၍ အသက်ဆုံးရှုံးရသော ကျေးလက်တိုက်နယ် ဒေသများတွင် အသက်ကယ် အောက်ဆီဂျင်ဘူးများ လှူဒါန်းခြင်း
(၆) မြန်မာပြည်ရှိ မြောက်တောရဘုံဝိပသနာဌာချုပ်တွင် (အသံချဲ့စက်၊ အသံချဲ့ဗုံး၊ ဆောင်းဘောက်) Amplifier & Sound Box တပ်ဆင်လှူဒါန်းပေးခဲ့ခြင်း
(၇) မလွန်ဈေးဆန်လှူအသင်းကြီး၌ ထာဝရဘက်စုံ ပဒေသာပင် စိုက်ထူလှူးဒါန်းခြင်း
အသင်းကြီးမှလက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းကြီးများ
(၁) ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ၊ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက် အကြောင်း အပါအ၀င် ကမ္ဘာကသိသင့်သော ကျမ်းစာအုပ်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ဖြန့်ဝေခြင်း
(၂) ဧရာဝတီတိုင်း နာဂစ်ရိုက်ခတ်ဒဏ်ကြောင့် မိဘမဲ့ပြီး ကျောင်းပညာရေးခရီးမဆက်လက်နိုင် တော့သည့် အနာဂတ်ရင်သွေးငယ် ကလေးများအားကျောင်းထားပေးခြင်း
(၃) သရဏဂုံတည်ခြင်းအကျိုး (တောင်ပုလုဆရာတော်ဘုရားကြီး) ကျမ်းစာအုပ်လေးများကို ဧရာဝတီတိုင်း ကျေးလက်ဒေသများနှင့် စင်္ကာပူရှိ မြန်မာများအား ဓမ္မဒါနပြုခြင်း
လက်တလောအကောင်အထည်ဖေါ်မည့်လုပ်ငန်းစဉ်များ
(၁) မြန်မာပြည်မြို့ရွာအနှံ့ အခမဲ့ ဓမ္မတရားစာအုပ်များ တိပ်ခွေ၊ စီဒီ၊ ဗွီစီဒီ၊ ဒီဗွီဒီ အဌားဆိုင်များဖွင့် လှစ်ပေးခြင်း
(၂) မြန်မာပြည်ကျေးလက်မြို့ပြ ရပ်ကွက်တိုင်း တရားနာကြားနိုင်စေရန် Audio CD set များ Sound-Box များကက်ဆက်များတပ်ဆင်ပေးပြီး ရာသီဥတုကောင်းမွန်သာယာသော နေ့များတွင် တရား (၁) ခွေစာဖွင့်ပေးပြီး စုပေါင်းနားကြားနိုင်သော ဓမ္မသာကစ္ဆာ တရားဝိုင်းလေးများ ပြုစုပျိုးထောင် ဖွင့်လှစ်ပေးခြင်း
(၃) ကျေးရွာရပ်ကွက်များတွင် အရပ်လေးမျက်နှာ ရွာလုံးကျွတ် ညစဉ်တရားနာကြားနိုင်စေရန် လော်စပီကာ အသံချဲ့စက်ဖြင့် ဓမ္မစင်တာတစ်ခုမှ တစ်နေ့လျှင် တရား(၁)နာရီစာ ဖွင့်လှစ်ပေးခြင်း
(၄) ဗုဒ္ဓနှင့်ဗုဒ္ဓဓမ္မ (၀ါ) ဗုဒဘာသာသည် မြန်မာတို့၏အသက်၊ မြန်မာတို့၏နှလုံးသည်းပွတ်၊ မြန်မာ တို့၏ဘ၀ အဆုံးစွန်သောပန်းတိုင်၊ ၀ိဥာဉ်နှင့်တစ်ခုတည်းသောထွက်ပေါက်၊ တစ်ကြောင်းတည်းသော လမ်း၊ ဘ၀နှင့်ပတ်သက်၍ လောကနှင့်ပတ်သက်၍ သံသရာနှင့်ပတ်သက်၍ တစ်ခုတည်းသောအဖြေ ဖြစ်ပါသောကြောင့် သာသနာတော် ထွန်းကားပြန့်ပွားစည်ပင်၍ ထေရ၀ါဒအုတ်မြစ်စစ်စစ်နှင့်ဓမ္မစစ်ဓမ္မ မှန်ပေါ်ထွန်းတည့်တံ့စေရန် ရည်သန်လျှက် မြန်မာပြည်ရှိ သာသနာ့တက္ကသိုလ် စာသင်တိုက်ကြီးများ တွင် ကွန်ပျူတာ၊ မိတ္တူကူးစက်များ၊ ပိဋကတ်(၃)ပုံနှင့် ကျမ်းစာအုပ်များ ထာဝရဘက်စုံ ပဒေသာပင်များ လိုအပ်သလို ဖြည့်ဆည်းလှူဒါန်းပေးခြင်း
ရေရှည်စီမံကိန်းဖြင့် အကောင်အထည်ဖေါ်မည့်လုပ်ငန်းစဉ်ကြီးများ
(၁) မြန်မာပြည်ရှိလူမျိုးဘာသာမရွေး အခြေခံပညာသင်ကြားတတ်မြောက်နိုင်စေရန် ကျောင်းမနေ နိုင်သူမရှိစေရ စီမံကိန်းဖြင့် (ဘက) ဘုန်းတော်ကြီး ပညာသင်ကျောင်းများကို အဌမတန်းအဆင့်ထိ အခမဲ့သင်ကြားပေးရန် ထွန်းဖောင်ဒေးရှင်းဘဏ်နှင့်တွဲဖက်ပြီး မြန်မာပြည်အနှံ့ ကျောင်းများဖွင့်လှစ် ပေးခြင်း
(၂) မြန်မာပြည်အနာဂတ်တွင် ဘက်စုံ ယဉ်ကျေးလိမ္မာထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း သမီးကောင်း ရတနာလေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျှက် နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ကျင့်ဝတ်ဘာသာ၊ စာရိတ္တပညာ၊ အခြေခံလူကျင့်ဝတ် လောကနီတိ မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာ တို့နှင့် ကမ္ဘာသုံးအင်္ဂလိပ်စာ တို့ကို သီရိလင်္ကာမှ ပါရဂူမဟာဘွဲ့ရဆရာတော်များနှင့်ဒေသခံဘုန်းတော် ကြီးများ၊ ဆရာ ဆရာမကြီးများပူးပေါင်း၍ နွေရာသီ (၁)လ (၂)လ (၃)လ သင်းတန်းများ မြန်မာပြည်အနှံ့ ဖွင့်လှစ်ဟောပြော ပို့ချပေးခြင်း
(၃) ကိုယ်ကျင့်၊ ပညာ၊ စိတ်ကောင်းရှိသော ပညာပြည့်ဝနှလုံးလှပြီးကိုယ်ကျင့် သီလစာရိတ္တ မြင့်မားသော ဗုဒ္ဓဘာသာ ဗုဒ္ဓအလိုတော်ကျ လူအဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာစေဘို့ မြန်မာတို့၏ ဆင်းရဲမွဲတေမှုကို အပြီးအပိုင်တိုက်ဖျက်ဘို့လိုပါသည်။ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်နိုင်စေဘို့ ပညာရှင်တို့၏ ကိုယ်စွမ်း ဥာဏ်စွမ်းများဖြင့်လမ်းညွှန်အပ်သော ပန်းတိုင်တူ NGO / INGO ဥပမာ PEP Myanmar ( Package Economy Program) များဖြင့်လည်းကောင်း အရှင်ဆေကိန္ဒ၏ ဖြူဖြူစင်စင်ထမင်းဆိုင်စီမံကိန်းများကို
လည်းကောင်း လိုက်နာဖော်ဆောင်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် -
မြင့်မြတ်သော စေတနာသဒ္ဓါ တရားနှင့် နှလုံးသားရင့်ကျက်သော ကျွန်ုပ်တို့၏အသင်း ကြီးအနေဖြင့် လူအင်အား ငွေအင်အား ထာဝရဘက်စုံငွေနှင့်အထွေထွေရံပုံငွေများလိုအပ်လျှက် ရှိနေပါသည်။ “Two heads are better than one” ခေါင်းတစ်လုံးတည်းနှင့်စာလျှင်ခေါင်း နှစ်လုံးပေါင်းခြင်းသည်ပိုကောင်းပါသည်။ “Unity is Strength”စည်းလုံးခြင်းသည် မဟာ အင်အားခွန်အား သမ္ဂဂ္ဂနံတပေါသုခေါ စည်လုံးညီညာ အောင်ကြောင်းဖြာဆိုသည်နှင့်အညီ သင်လည်း သားထူးသားမြတ်တစ်ဦး ဖြစ်အပ် ပါသည်။ ဗုဒ္ဓဘာသာအကျိုးသည် မြန်မာနိုင်ငံသူ/သားတိုင်းနှင့်သက်ဆိုင်ပါသည်။
တာဝန်သိသူမှာ တာဝန်ရှိပါသည်။ တာဝန်ရှိသူမှာ တာဝန်ပိပါလိမ့်မည်။ တာဝန်မသိသူမှာ တာဝန်မရှိပါ။ တာဝန်မရှိသူမှာ တာဝန်မပိပါ။ ဗုဒဘာသာသည် သင့်ဘာသာဖြစ်ပါသည်။
အမိမြန်မာပြည်သည် သင့်မိခင်တိုင်းပြည်ဖြစ်ပါသည်။ သင့်ဘာသာ သင့်သာသနာ သင့်တိုင်း ပြည် သင့်လူမျိုးတို့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့နွမ်းပါးနေပါသဖြင့် သင်၏ကူညီတတ်သော ကမ်းလင့်သောနှလုံးသားနှင့် လက်များ “ Helping Hearts & Hands ” အား ကျွန်ုပ်တို့၏ အသင်းကြီးမှ နိဗာန်အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါသည် -



