Lotus Foundation Latest News
1. Lotus Foundation International နှင့် စင်္ကာပူရောက်မြန်မာများ၏ ရေတွင်းနှင့်အဝီစိတွင်းအလှူ
2. ရေလိုအပ်နေသောသူများ နှင့် ရေလှူဒါန်းကြသူများ
3. Lotus Foundation ကြေငြာချက်
4. ပိဋကတ်သုံးပုံ အလှူရှင်များ စာရင်း
5. Lotus Foundation Anniversary Photos
6. ထူးကြီးဆရာတော်၏တရားပွဲမှတ်တမ်းဓါတ်ပုံများ
7. ဗုဒ္ဓစက်တော်ရာအလှူတော်မှတ်တမ်း
အို သူတော်ကောင်းတို့ .......
ဗုဒ္ဓဘာသာအကျိုး ဗုဒ္ဓသာသနာအကျိုးနှင့် လောကအကျိုးကို သည်ပိုးရန် ရည်စိတ်သန်လျှက် ဗုဒ္ဓ ဓမ္မ သံဃာ့ လောက အသင်းကြီးကို တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။ သာသနာအကျိုးနှင့်ပတ်သက်၍ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒ သာသနာတော် သုံးရပ်စည်ပင် ထွန်းကားပြန့်ပွားရန် မြတ်ဗုဒ္ဓ၏ ဓမ္မအနှစ်သာရကို ဗုဒ္ဓဘာသာဝင်များ သိရှိခံစားနားလည် ကျင့်ကြံပွားများ အားထုတ်နိုင်ပြီး လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးအတွက် လူဖြစ်ကျိုးနပ်စေရန် လောကအကျိုးနှင့် ပတ်သက်၍ လောကသားတို့၏ ကျန်းမာရေး ပညာရေး စီးပွားရေး လူမှုရေး ယဉ်ကျေးမှုနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ကြိုးပမ်းဆောင်ရွက် ကြမည်ဟူသည့်ကောင်းမွန်သော သမ္မာဆန္ဒများဖြင့် ရေရှည်/ရေတို စီမံကိန်းများချမှတ်၍ ဆောင်ရွက်လျှက်ရှိပါသည်။ သို့ပါ၍ ကျွန်ုပ်တို့နှင့်ပူးပေါင်း လက်တွဲပြီး အသင်းဝင်ခြင်း အားဖြင့်လည်းကောင်း၊ ထာဝရဘက်စုံ အလှူတော်ငွေများ ထည့်ဝင်၍ လည်းကောင်း အကြံဥာဏ်များ ပေးခြင်းဖြင့် လည်းကောင်း ဆောင်ရွက်နိုင်စေရန် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်အပ်ပါသည်။
ဗုဒ္ဓဘာသာအကျိုး ဗုဒ္ဓသာသနာအကျိုးနှင့် လောကအကျိုးတို့ကို သည်ပိုးရန် ရည်စိတ်သန်လျှက် ဗုဒ္ဓ ဓမ္မ သံဃာ့ လောကအသင်းကြီးကို ကဆုန်လပြည့်အခါသမယ (8th May 2009) တွင် မြန်မာ၊ စင်္ကာပူ၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကန် နှင့် ကမ္ဘာတဝှမ်း နိုင်ငံပေါင်းစုံတို့မှ အသင်းသားများဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

အသင်းတော်ကြီး၏ သြဝါဒစရိယ ဆရာတော်ကြီးများမှာ -
၁။ ကစင်ဆရာတော်ဘုရားကြီး
၂။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး အရှင်ကုဏ္ဍလာဘိဝံသ
၃။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝံသ
၎။ ဗန်းမော်ဆရာတော် ဒေါက်တာအရှင်ကုမာရာဘိဝံသ
၅။ ယောတိပိဋကဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ
၆။ မလေးရှားပီနန် မဟာစည် (တောရ) ဆရာတော် ဦးသုဇန
၇။ မင်းကွန်းတိပိဋနိကာရဆရာတော် ဦးသီလာစာရ
ဂ။ မင်းကွန်းတိပိဋဆရာတော် ဦးသီရိဓမ္မ
၉။ အရှင်ဆန္ဒာဓိက
၁၀။ မေတ္တာရှင်ရွှေပြည်သာဆရာတော် အရှင်ဇဝန
၁၁။ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်) တို့ဖြစ်ကြပါသည်။
အသင်းတော်ကြီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းလုပ်ဆောင်ချက်များကို “ဆောင်ရွက်ချက်မျာ:” ကဏ္ဍတွင် အသေးစိပ် ကြည့်ရှုနိုင်ပါသည်။
အသင်းကြီး၏ အမည်ပညတ်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်

ရတနာမြတ်သုံးပါးဖြင့် တည်ဆောက်အပ်သော လောကကို ညွှန်းဆိုလို၍ “ဗုဒ္ဓ ဓမ္မ သံဃ လောက အသင်းကြီး” ဟု သမုတ်အပ်ပါသည်။ ဤဘဒ္ဒကမ္ဘာကြီးတွင် ဘုရားငါးဆူ ပွင့်တော်မူမည့် ကြာပန်းငါးပွင့် ပွင့်ပေါ်လာခြင်းတည်းဟူသော နိမိတ်ပုံဆောင် “ကြာပန်း” ကို ညွှန်းဆိုလို၍ လည်းကောင်း၊ “ကြာပန်း” သည် သူတော်ကောင်း ပညာရှိ လူလိမ္မာတို့ကို ညွှန်းဆိုရာ ဗုဒ္ဓဘာသာ သင်္ကေတဖြစ်၍ လည်းကောင်း၊ “ကြာပန်းး”သည် ရွှံ့ညွန်တွင်ပေါက်ဖွား ရသော်ငြားလည်း ဖူးပွင့်လာသည့်အခါ ရွှံ့နွံအညစ်အကြေးဟူ၍ မြူမျှပင်မကပ်ငြိ မလိမ်းကျံ မရောယှက်ဘဲ ကန်ကိုတန်ဆာ ဆင်ခြင်းငှါ တလှတပ ဖူးပွင့်လာဘိသကဲ့သို့ပင် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အရိယာအစရှိသည့် သူတော်ကောင်းတို့သည်လည်း ကိလေသာ အညစ်အကြေးမြူမှုံမျှ မကပ်ငြိ မလိမ်းကျံ မရောယှက်ဘဲ လောကအကျိုးကို ဆောင်သွားခဲ့သည် ချည်းသာဖြစ်သည့် ဗုဒ္ဓယဉ်ကျေးမှုလာ အနက်အဓိပ္ပါယ်ကို ညွှန်းဆိုလို၍လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားရှင်၏ ခြေတော်ရင်း၌ ကြာပန်းများ ကပ်လှူပူဇော်၍ ဘုရားဖြစ်ရန် ဗျာဒိတ်တော်ခံယူခဲ့သည့် ဗုဒ္ဓဖြစ်ရာ သင်္ကေတ သမ္မာပန်းပွင့်ကို ဦးခိုက်ပူဇော်လို၍ လည်းကောင်း “LOTUS FOUNDATION” ဟု နာမသညာ ပြုအပ်ပါသည်။














